My-Medicine ၏ မိတ်ဖက်ဆေးရုံများ

ဗီးမွတ် ဆေးရုံ
ဗီးမွတ်ဆေးရုံ သည် ဘန်ကောက်မြို့၏ စီးပွားရေးအချက်အခြာကျသောနေရာတွင် တည်ရှိပြီး အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသောဆေးရုံတစ်ခုဖြစ်ပါသည်။ ဤဆေးရုံသည် ၁၈ ထပ်အဆောက်အဦးဖြစ်ပြီး ခုတင် ၂၃၆ လုံးပါဝင်ကာ၊ ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးရွှေစံနှုန်းဖြစ်သော Joint Commission International (JCI) စံနှုန်းများနှင့်ကိုက်ညီအောင် ဖန်တီးတည်ဆောက်ထားပါသည်။
Explore now
လာဘ်ဖရောင်း အထွေထွေဆေးရုံ
လာဘ်ဖရောင်း ထွေထွေဆေးရုံသည် ဘန်ကောက်မြို့တွင် တည်ရှိသော ပုဂ္ဂလိကကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ စျေးနှုန်းသင့်တင့်စွာဖြင့် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးစွမ်းသည့် ဆေးရုံတစ်ခုအဖြစ် လူသိများသည်။ ဤဆေးရုံသည် ကာကွယ်ရေးနှင့် ရောဂါရှာဖွေရေးဝန်ဆောင်မှုများကို အထူးအလေးထားပြီး၊ ကျန်းမာရေးစစ်ဆေးမှုများ၊ ဓာတ်ခွဲခန်းစမ်းသပ်မှုများနှင့် ဆီးချိုရောဂါ၊ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ၊ ကင်ဆာစသည့် ရောဂါများအတွက် ကုသမှုများကို ပေးစွမ်းလျက်ရှိသည်။

TRSC မျက်စိအထူးကုဆေးရုံ
TRSC သည် ထိုင်းနိုင်ငံ၏ ပထမဆုံးသော မျက်စိအထူးကုဆေးရုံ ဖြစ်ပြီး မျက်စိခွဲစိတ်ကု၊ LASIK နှင့် ReLEx ကုသမှုများတွင် အထူးကျွမ်းကျင် ပြီး နာမည်ကျော်သော ဆေးရုံတစ်ရုံ ဖြစ်ပါသည်။
Explore now
ချင်းမိုင်လန်နာဆေးရုံ (RAM)
လန်နာဆေးရုံသည် ချင်းမိုင်မြို့ရှိ ခေတ်မီကျန်းမာရေးစောင့်ရှောက်မှုစင်တာများထဲမှ အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်သည်။ ဤဆေးရုံတွင် ခုတင် ၁၈၀ နှင့် အထူးကုဆေးခန်းများ ပါဝင်ပြီး အထူးသဖြင့် နာတာရှည်ကျောနာကုသရေးစင်တာ နှင့် နှလုံးသွေးကြောအထူးကုစင်တာ တို့အတွက် ကျွမ်းကျင်ဆရာ၀န်များ၏ ကုသမှုကြောင့် နာမည်ကျော်ကြားသော ဆေးရုံဖြစ်သည်။
Explore now
ကမ္ဘာ့ကျန်းမာရေးဆေးရုံကြီး (World Medical Center)
World Medical Center ကင်ဆာဌာနသည် ခေတ်မီနည်းပညာများနှင့် အတွေ့အကြုံရင့်ကျက်သော ဆရာဝန်များဖြင့် ကင်ဆာရောဂါများကို တိကျစွာရှာဖွေကုသပေးပြီး လူနာ၏ ဘဝအရည်အသွေးကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
Explore nowအထူးကုသမှုများ

ကင်ဆာကုသမှုနည်းလမ်းများ
ကင်ဆာလူနာအတွက် ကင်ဆာဆေးသွင်းကုသမှု (Chemotherapy)၊ ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) နှင့် ခွဲစိတ်ကုသမှု (Surgery) တို့ကို စီစဉ်ပေးပြီး လိုအပ်သော ကုသမှုများကို ဆောင်ရွက်ပေးခြင်း

နှလုံးကုသမှုနည်းလမ်းများ
နှလုံးရောဂါ (Heart Disease)၊ ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း (Acute Myocardial Infarction - AMI)၊ နှလုံးအဆို့ရှင်ရောဂါ (Cardiac Valve Disease) နှင့် အခြားနှလုံးဆိုင်ရာ ပြဿနာများကို ကုသရန် စီစဉ်ဆောင်ရွက်ပေးခြင်း

မျိုးဆက်ပွားကျန်းမာရေး
မျိုးဆက်ပွားဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရသူများအတွက် သီးသန့်ကုသမှုနှင့် ရွေးချယ်စရာများကို စီစဉ်ဆောင်ရွက်ပေးခြင်း

အရိုးနှင့်ကြွက်သားကျန်းမာရေးကုသမှုများ
ထိခိုက်ဒဏ်ရာများ၊ အသက်အရွယ်ကြီးရင့်မှုနှင့် ဆက်စပ်သော အရိုးအဆစ်ပြဿနာများ၊ ဒူးခွဲစိတ်ကုသမှုများနှင့် တင်ပါးဆုံရိုးခွဲစိတ်ကုသမှုများအတွက် အရိုးနှင့်ကြွက်သားဆိုင်ရာ ကုသမှုများ စီစဉ်ပေးခြင်း

မျက်စိကျန်းမာရေးနှင့် အခြားအထူးကုသမှုများ
မျက်စိကျန်းမာရေးဆိုင်ရာ ကုသမှုများကို ကျယ်ပြန့်စွာ ရရှိစေရန် အတွက် လေဆာကုထုံး (Laser Therapy) မှ မျက်လုံးအတွင်းတစ်ရှူးခွဲစိတ်ကုသမှု (Retinal Surgery) အထိ ခေတ်မီနည်းပညာများကို အသုံးပြုကာ ကျွမ်းကျင်သော မျက်စိဆရာဝန်များမှ စနစ်တကျ ကုသပေးခြင်
ကျန်းမာရေးစစ်ဆေးခြင်း
ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်သိရှိရန်နှင့် ရောဂါများကို အစောပိုင်းအဆင့်တွင် သိရှိနိုင်ပြီး၊ ထိရောက်သော ကုသမှုများဖြင့် ရောဂါကို ထိန်းချုပ်နိုင်ကာ နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်စေရန်အတွက် ကျန်းမာရေးစစ်ဆေးပေးခြင်း
Why Choose Us
Quality, Affordability, and Convenience
with the added benefit of local expertise to guide and recommend the best course of action for each patient.
ထိရောက်သောအကြံပြုချက်များဖြင့် ပိုမိုကောင်းမွန်သောစောင့်ရှောက်မှု
My-Medicine သည် သင့်၏ တစ်ဦးချင်းလိုအပ်ချက်များကို နားလည်သော ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် ချိတ်ဆက်ပေးပြီး ကုသမှုနည်းလမ်းအမျိုးမျိုးကို ပံ့ပိုးပေးခြင်းဖြင့် အကောင်းဆုံးနှင့် ထိရောက်မှုအရှိဆုံး ကုသမှုများကို အကြံပြုပေးပါသည်။
စရိတ်သက်သာသော ကျန်းမာရေးစောင့်ရှောက်မှု
My-Medicine သည် ထိုင်းနိုင်ငံရှိ အလတ်စားမှစ အဆင့်မြင့်ဆေးရုံများတွင် ဆေးကုသမှုခံယူခြင်းကို ရရှိနိုင်ပြီး၊ ကုသမှုစရိတ်များကို ပွင့်လင်းမြင်သာစွာ နှိုင်းယှဉ်ပေးပါသည်။ လူနာများ၏ ငွေကြေးသုံးစွဲနိုင်မှု ပမာဏကို မကျော်လွန်ဘဲ၊ အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရသော ဆေးကုသမှုကိုရရှိစေရန် စီစဉ်ဆောင်ရွက်ပေးပါသည်။
မြန်ဆန် ထိရောက်သော ဆေးကုသမှုအတွေ့အကြုံ
လူနာများသည် My-Medicine မှတစ်ဆင့် ထိုင်းနိုင်ငံမှ ဆေးရုံများနှင့် ချောမွေ့စွာ ချိတ်ဆက်နိုင်ပြီး၊ လွယ်ကူ မြန်ဆန်သော ရက်ချိန်းရယူမှုနှင့် ကုသမှုခံယူခြင်းစသော ကျန်းမာရေးစောင့်ရှောက်မှုအတွေ့အကြုံကို ရရှိစေပါသည်။
ဆေးကုသမှုခရီးစဉ်၏ အဆင့်များ
အဆင့် ၁: ကျွန်ုပ်တို့ကို ဆက်သွယ်ပါ
ကျွန်ုပ်တို့၏ လူမှုကွန်ရက်စာမျက်နှာများ (သို့ )ဖုန်းနံပါတ်ကို ခေါ်ဆိုဆက်သွယ်ပါ။
လူနာများ၏ အချက်အလက်များနှင့် ဆေးမှတ်တမ်းများကို ကျွန်ုပ်တို့ထံ ပေးပို့ပြီးဆွေးနွေးနိုင်ပါသည်။
အဆင့် ၂:စီစဉ်ခြင်း
လူနာများ၏ ကျန်းမာရေးအခြေအနေနှင့် လိုအပ်ချက်များကို အခြေခံ၍ ကနဦးတိုင်ပင်ဆွေးနွေးမှုကို ရရှိပြီး ကုသမှုအစီအစဉ်များကို ရေးဆွဲပေးပါသည်။
အဆင့် ၃: ခရီးသွားလာရေး
ကုသမှုကို အတည်ပြုပြီး၊ ဗီဇာ (လိုအပ်ပါက)၊ လေယာဉ်လက်မှတ်နှင့် ဟိုတယ်ဘွတ်ကင်များအပါအဝင် ခရီးသွားလာရေးစီစဉ်မှုများကို ပြီးမြောက်အောင်ဆောင်ရွက်ပေးပါသည်။
အဆင့် ၄:ကုသမှုလုပ်ငန်းစဉ်
လေယာဉ်ကွင်းတွင် လာရောက်ကြိုဆိုခြင်း
ကုသမှုမတိုင်မီ လိုအပ်သောစစ်ဆေးမှုများပြုလုပ်ခြင်း
ဆေးရုံတွင် ကုသမှုခံယူခြင်း
ပြန်လည်သက်သာပြီး ဆေးရုံမှ ဆင်းခွင့်ရခြင်း
အဆင့် ၅:ကုသမှုခံယူပြီး
ဆေးရုံတွင် ကုသမှုခံယူခြင်း အားလုံးအတွက် ငွေပေးချေခြင်း
ခွဲစိတ်ကုသမှုအပြီး တိုင်ပင်ဆွေးနွေးခြင်း၊ နောက်ဆက်တွဲစီစဉ်များနှင့် ဆေးဝါးမှာယူခြင်း
အဆင့် ၆:နောက်ဆက်တွဲစောင့်ရှောက်မှု
အိမ်ပြန်ခရီးစဉ်
My-Medicine မှတစ်ဆင့် ဆေးကုသမှုမှတ်တမ်း၊ အကြံပေးချက်များနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုများကို ရယူပါ။